Windows 7 ကိုကိုယ်တိုင်တင်ချင်သူများအတွက် စလိုက်ကြရအောင်။
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့စဖွင့်ဖွင့်ချင်းမှာ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက်ဆတ်တောက်ဆတ်တောက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါအောက်ပုံပါ။
( 1 ) UEFI Boot ကို Disabled ထားပေးပါ။
( 2 ) Boot Option #1နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter
တချက် ခေါက်ပေးလိုက်ပါ..။
Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ CD နောက်မှအစက်ကလေး ၅ စက်မပြည့်ခင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်လိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ အောက်ပုံတွေကိုဆက်ကြည့်ပါ။
အောက်ပုံမှာတော့ Windows စတင်အလုပ်လုပ်နေပါပြီ။
အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ။
Next ကိုနှိပ်သွားလိုက်ပါ
အောက်ပုံမျိုးပေါ်လာရင်အမှန်ခြစ်လေးပေးပြီး NEXT ကိုနှိပ်သွားလိုက်ပါ
Custom (advanced) ကိုရွေးပေးပါ အနီပြထားတဲ့နေရာပါ။
ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
Windows Install စလုပ်နေပါပြီ ဒီအဆင့်ကိုရောက်ရင် မိနစ် (၃၀)လောက်ခဏစောင့်ပေးပါ
အားလုံးပြီးရင် Restart ကျသွားပါလိမ့်မယ်
Restart ကျပြီးပြန်တက်လာရင်အောက်ပုံအတိုင်းတွေ့ပါလိမ့်မယ်
CD/DVD Drive မှ Windows အခွေကိုထုတ်လိုက်ပါ။
Completing Installation ပြီးရင် Restart ကျသွားပါလိမ့််မယ်
အောက်ကပုံလိုပေါ်လာရင် ခဏစောင့်ပေးပါ။
အောက်ကလိုဆင့်တွေကိုရောက်သွားရင်တော့ကျွန်တော်အနီရောင်လေးတွေနဲ့
ပြပေးထားတဲ့တိုင်း တစ်ဆင့်ချင်းစီ လုပ်သွားလိုက်ပါ။
၁။
၂။
ဒီဆင့်မှာတော့ အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ ပြီးရင် Next ပေါ့။
၃။
၎။
၅။
၆။
၇။
၈။
၉။
၁၀။
အောက်ဆုံးပုံက အဆင့်ကိုရောက်ရင် Windows တင်ခြင်းပြီးဆုံးပါပြီ။
No comments:
Post a Comment