Thursday, February 14, 2013

Android ဖုန်းနှင့် Tablet တွေအတွက် မြန်မာကီးဘုတ်




Android ဖုန်းနှင့် Tablet တွေအတွက် မြန်မာစာအလွယ်တကူရိုက်နိုင်ရန်အတွက် မြန်မာကီးဘုတ်လေးပါ။ ဒီကီးဘုတ်းလေးကို ဇော်ဂျီဖေါင့်ကိုအသုံးပြုထားတဲ့ ကီးဘုတ်းလေးတခုပါ။
ကီးဘုတ်ထည့်ပြီးပါက zawgyione TTF ကိုပါထည့်ပေးရမှာပါ။
ဘာကြောင့်ထည့်ပေးရသလဲဆိုရင်တော့ သူက မိမိတို့ရေးလိုက်တဲ့စာတွေဟာ  zawgyione TTF
မထည့်ရသေးရင်လေးထောင့်ပုံစံအတုံးလေးတွေကိုပဲတွေ့ရမှာပါ။
ဒါကြောင့်နှစ်ခုစလုံကိုကျွန်တော်ထည့်ပေးထားပါတယ်။

အရင်ဆုံး မြန်မာကီးဘုတ် ဒီမှာ အရင် ဒေါင်းယူလိုက်ပါ။

ဒေါင်းလုပ်ဆွဲပြီးယူပြီး ဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Application တွေထဲမှာ မြန်မာအလံပုံလေးနဲ့မြန်မာကီးဘုတ်ထဲကိုဝင်လိုက်ပါ။ အဲ့ဒီထဲက မြန်မာကီးဘုတ် Setting မှာ Enabled လုပ်ဖို့အတွက် Screen တခုပေါ်လာပါလိပ်မယ်။
အောက်ကပုံလေးအတိုင်းပါ Go To Settings ကိုကလစ်ပြီး Keyboard Settingထဲကိုဝင်ပါ။



Keyboard Setting ထဲကိုရောက်သွားပြီဆိုရင် မြန်မာကီးဘုတ် ကိုအမှတ်ခြစ်လေး (Enabled)ပေးလိုက်ပါ။အောက်ကပုံလေးအတိုင်းပါ။




ပြီးပြီဆိုရင် ခုနက မြန်မာကီးဘုတ်ကိုပြန်သွားပြီး 2 Input Method ကိုနိုပ်ပါ အောက်ကပုံလေးအတိုင်းပါပဲ။


အောက်ကပုံလေးအတိုင်းမြန်မာကီးဘုတ်ကိုရွေးပေးလိုက်ပါ။



ဒါဆိုရင် သူငယ်ချင်းတို့ဖုန်းထဲမှာ မြန်မာစာရေးလို့ရပါပြီ။


အားလုံးပဲအဆင်ပြေကြပါစေဗျာ။

No comments:

Related Posts Plugin for WordPress, Blogger...